Pages

Saturday, September 22, 2012

တပ်နှင့်ပြည်သူ ထုတ်ပြန်ကြေငြာချက်


        လွန်ခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ universalinterfaith.blogspot.com နဲ့ ဟစ်တိုင် တို့မှာ ထူးခြားတဲ့ အမှန်တရားကိုဖော်ထုတ်ထားတဲ့ ခေါင်းစဉ်တခုကို တွေ့လိုက်ရတယ်။ ခေါင်းစဉ် ကတော့ သမ္မတကြီး၏ ဆင်းရဲသားပပျောက်ရေးကို ဆန့်ကျင်နေသော မြဝတီမှ အကောက်ခွန်ဝန် ထမ်းများ စီးပွါးရှာနေပုံ အပိုင်း(၁) ဆိုတာပဲဖြစ်ပါတယ်။ ခုလည်း ၁၃ ရက်နေ့ စက်တင်ဘာလမှာ အပိုင်း(၂) ဆိုတာထပ်တက်လာပါတယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ ကျနော်တို့အ တွက် ဒါဟာ ကောင်းမွန်မှုပါပဲ။ ကျနော့်စာဖတ်ပရိတ်သတ်များသိတဲ့အတိုင်း ကျနော်လည်း ခုချိန် မှာ နယ်စပ်ကိုပြန်လည်ရောက်ရှိပြီး အမိမြန်မာပြည်ကြီးငြိမ်းချမ်းသာယာ တိုးတက်ဖို့အတွက် တတ် စွမ်းတဲ့ဘက်ကနေ တဖက်တလမ်းက ကြိုးပမ်းနေချိန်ဆိုတော့ ဒီသတင်းကိုတွေ့တော့ စိတ်ဝင်စား မိတယ်။ ဒါနဲ့ သတင်းနောက်ကို လိုက်ပါတော့တယ်။ ဒီနေရာမှာ မထင်မှတ်ထားဘဲ မိမိတို့ အမှန် တရားအတွက် တိုက်ပွဲဝင်နေတဲ့ သတင်းသမားများ၊ ဘလော့ဂါများနဲ့ စာရေးသူတွေအတွက် ဂုဏ် သိက္ခာညှိုးနွမ်းဖွယ် နောက်ဆက်တွဲသတင်းကို ကြားသိရပါတယ်။
          ဒီသတင်းနဲ့ပတ်သက်လို့ အထက်ဖော်ပြပါ ဂုဏ်သိက္ခာ ညှိုးနွမ်းဖွယ် အကြောင်းအရာ က တော့ ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်ပြီးမတက်စေချင်ရင် ပိုက်ဆံပေးရမယ်ဆိုတာပါပဲ။

          တင်ထားတော့ သတင်း။ ဘလော့မှာရေးထားတာက အမှန်တရားဖော်ထုတ်သူတဲ့။ အမှန် တရားကို ဖော်ထုတ်သူဆိုတာ ဘာမှမျှော်ကိုးချက်မရှိရပါဘူး။ ခုတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မရေးစေချင်တော့ရင် ထိုင်းဘတ်ငွေ တသိန်းခွဲ( ၁၅၀,၀၀၀ ဘတ်) ပေးရမယ်ဆိုပြီးဖုန်းဆက်သွယ် လာပါတယ်။ ဆက်သွယ်လာမှုပုံစံကတော့ ၅ ရက်နေ့ စက်တင်ဘာလ ၂၀၁၂ ခုနှစ်မှာ အဲဒီသတင်းတက်လာပါတယ်။ တက်လာပြီး နောက် နှစ်ရက်အကြာ ၇ ရက်နေ့ စက်တင်ဘာလ ၂၀၁၂ ခုနှစ် နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်မှာ ၀၈၈၁၅၇၉၃၇၉ (ထိုင်းဖုန်း) မှ ၀၈၆၄၂၇၇၅၇၃ (ထိုင်းဖုန်း) ထံသို့ ဆက်သွယ် လာပါတယ်။ ဒီနောက် ၅ ရက်နေ့ စက်တင်ဘာလ ၂၀၁၂ ခုနှစ် နေ့စွဲပါ သတင်းနဲ့ပတ်သက်ပြီး ဘတ်ငွေ တသိန်းခွဲ ( ၁၅၀,၀၀၀ ဘတ်) ကိုပေးမယ် ဆိုရင် အဲဒီသတင်းကိုပယ်ဖျက်ပေးမည် ဖြစ်ပြီး ထပ်မံလည်း မရေးသားတော့၊ မတင်တော့မှာ ဖြစ် ကြောင်း အကြပ်ကိုင်ချိန်ခြောက်ခဲ့ပါတယ်။ ဒီနောက် ၁၁ ရက်နေ့ စက်တင်ဘာလ ၂၀၁၂ ခုနှစ်မှာ လည်း ဒုတိယပိုင်းမနက်ဖန်မှာ တက်မယ်နော် ဆိုပြီး ထပ်မံသတိပေးခြိမ်းခြောက်ခဲ့ပါတယ်။ အမည် နေရပ်လိပ်စာများလည်း အတိအကျ သိရှိထားပြီးဖြစ်ပါတယ်။ ဒီတော့ ဒီသတင်းကိုတင်ပေးနေတဲ့ ကျနော်တို့ တော်လှန်ရေး ဝဘ်ဆိုဒ် တွေ၊ ဘလော့ တွေအနေနဲ့ အမှန်တရားကို ရှာဖွေဖော်ထုတ် သည်ဆိုသော်လည်း ယခုကဲ့သို့ မိမိတို့ ကိုခုတုံးလုပ်အသုံးချကာ ကိုယ်ကျိုးရှာနေသည့်သူများ၏ သတင်းမဟုတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ငွေ ညှစ်သည့် စာပေများကို သတင်းထူး၊ သတင်းဦးပုံစံ မတင် ဘဲ စိစစ်တင်ရှိရန်လည် ကြိုးပမ်းသင့် ကြောင်း အကြံပြုလိုပါသည်။
          ယခုလည်း မိမိအနေဖြင့်သော်လည်းကောင်း မိမိတို့ တပ်နှင့်ပြည်သူ ဝိုင်းတော်သားများ အနေဖြင့်သော်လည်းကောင်း အကယ်၍ ဘလော့ပိုင်ရှင်နှင့် စာရေးသူသည် တဦးတည်းဖြစ်ပါက လုံးဝရှုံ့ချကန့်ကွက်ပါသည်။ စာရေးသူသည် သီးခြားဖြစ်ပါက စာရေးသူအား ဂုဏ်သိက္ခာမရှိသူ၊ အ မှန်တရားကိုခုတုံးလုပ် အကောက်ကြံသူအဖြစ်သာ သတ်မှတ်ပြီး ဘလော့ပိုင်ရှင်အား အသုံးချခံ ဖြစ်လိုက်သူ အဖြစ်နှင့်သာမြင်ပါသည်။ သို့သော်လည်း ဆက်လက်ပြီးတင်ဆက်ပေးနေပါက ယင်း ဘလော့နှင့် တင်ပြပေးနေကြသော ဝဘ်ဆိုဒ်တို့သည် အလိုတူ အလိုပါများအဖြစ်ဖြင့်သာ မိမိတို့မှ သတ်မှတ်ရန်သာ ရှိပါတော့သည်။  သို့အတွက် မိမိတို့ ဂုဏ်သိက္ခာနှင့် အမှန်တရားအပေါ် ခုတုံး လုပ်မခံရစေရေးအတွက် စေတနာထားကာ အကြံပြုရေးသားရင်း ယင်းသတင်းဆောင်းပါးရေးသား သူအား အပြင်းအထန် ကန့်ကွက် ရှုံ့ချသည်ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါသည့်။
         
ဗိုလ်ရဲထက်
အယ်ဒီတာ(တပ်နှင့်ပြည်သူ)။

No comments:

Post a Comment