Pages

Thursday, July 12, 2012

ဒုသမ္မတတင်သွင်းမှုနောက်က သတင်းများ

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် စစ်တက္ကသိုလ်အပတ်စဉ် (၁၈) သင်တန်းဆင်းတစ်ဦးဖြစ်ပြီး မကွေးမြို့ အမှတ်(၈⁠၈) ခြေမြန်တပ်မဌာနချုပ် တွင် စ⁠စ်ဦးစီးမှူး(တတိယတန်း)တာဝန်ထ
မ်းဆောင်ခဲ့သည်။
စစ်တက္ကသိုလ်ဒုတိယကျောင်းအုပ်ကြီးတာဝန်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတာဝန်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ပထမဆုံးတိုင်းမှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။
၂၀⁠၀၈ မတ်လမှ ၂၀၁⁠၁ နှစ်ကုန်အထိ ၂၀⁠၀၈ မေလ လူထုဆန္ဒခံယူပွဲနှင့် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေေ⁠ထွရွေးကောက်ပွဲအတွက် ၁၆ ဦးပါ အထူးသီးသန့်ကော်မတီကို
ဖွဲ့စည်းခဲ့ရာ အဖွဲ့ဝင်များထဲတွင် နပတ တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်က ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။
၂၀၁၀ ဇူလိုင်တွင် နေပြည်တော်မှ စစ်တပ်အရာရှိတချို့ဦးဆောင်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့ အလည်အပတ်သွားရောက်စဉ် အာဏာသိမ်းရန်ကြံစည်ခဲ့ရာ ဗိုလ်ချုပ်ဝေလွင်
၏နေအိမ်ကို အ၀ိုင်းခံထားခဲ့ရပြီး အာဏာသိမ်းအကြံကို ဗိုလ်ချုပ်ဝေလွှင်က လက်မခံခဲ့ဟု ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ၂၀၁၀ တွင်ဗိုလ်မှူးချုပ်မှ ဗိုလ်ချုပ်ဖြစ်လာခဲ့ကာ၂၀၁၀
စက်တင်ဘာတွင် စ⁠စ်ထောက်ချုပ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ ဥက္ကဌလည်းဖြစ်သည်။ ၂၀၁၁ သြဂုတ် ၃၀ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ ပြန်တမ်းဝင်နံပတ်မှာ (ကြည်း ၁၃၉၃၇) ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၏ တရားဝင်လစာမှာ ခြောက်သိန်းကျပ်ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် ယခုအခါ ဒုတိယသမ္မတအဖြစ်အမည်တင်သွင်းခြင်းခံထားရသော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ နေရာသို့ အစားထိုးဝင်ရောက်ရန် အလားအလာရှိနေကြောင်းသတင်းများထွက်ပေါ်နေသူဖြစ်သည်။
ဝန်ကြီးချုပ်နေရာကို လွှတ်တော်ကိုယ်စားလှယ်များထဲမှသာ ဖြစ်နိုင်ပြီး ယင်းနေရာကို ကာကွယ်ရေးဦးစီးချုပ်မှ အမည်တင်သွင်းကာ ပြောင်းလဲပေးနိုင်သည်။

No comments:

Post a Comment