Pages

Friday, June 1, 2012

စစ်တပ်နဲ့ ပြည်သူ သွေးခွဲတာမျိုးကို လုံးဝ မလိုလားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး

စစ်တပ်နဲ့ ပြည်သူအကြား သွေးခွဲတာမျိုးကို လုံးဝ မလိုလားဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောဆို လိုက်ပါတယ်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ မေလ ၂၈
ရက်နေ့က ပြုလုပ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း ဖော်ဆောင်ရေး ဆွေးနွေးပွဲမှာ သူကအခုလို ပြောဆို သွားခဲ့တာပါ။ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင် ကိုကိုကြီးတို့ အပါအဝင် လူဦးရေ ၄၀၀ ကျော် တက်ရောက်လာတဲ့ ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအကြား ပတ်သက် ဆက်နွယ် ပုံနဲ့
ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက ရှင်းပြ ပြောဆိုသွားခဲ့သလို  မြန်မာနိုင်ငံတစ်ဝှမ်း လျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝ ရရှိရေး အတွက် ဆန္ဒ ထုတ်ဖော်မှုတွေနဲ့
ပတ်သက်လို့လည်း သူက ပြောဆို သွားခဲ့ပါတယ်။

No comments:

Post a Comment