တပ်မတော်က နိုင်ငံရေးအရ ဂုဏ်သိက္ခာကျဆင်းတယ်ဆိုပေမယ့် တဖက်က နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်ဟာ မရှိမဖြစ်လိုအပ်သလို ခေတ်မှီလက်နက်များတပ်ဆင်နိုင်ဖို့လိုတယ်ဆိုတာကိုလည်း အားလုံး သဘောတူလက်ခံမယ်လို့ မျှော်လင့်ပါတယ်။ တကယ်တော့ နိုင်ငံရေးပြဿနာများဟာ ထိပ်ပိုင်း ဦးဆောင်သူတွေကြားမှာ အဓိက ဖြေရှင်းကြရမယ့် ပြဿနာတရပ်ဖြစ်ပါတယ်။ တပ်မတော်သားများကတော့ နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးကိုတာဝန်ယူထားတဲ့အတွက် အဲဒီအတွက် ကာကွယ်ရေးဆိုင်ရာများကို လေ့ကျင့် တပ်ဆင်လုပ်ဆောင်နေမှုကိုလည်း ပြည်သူလူထုအနေနဲ့ သိရှိထားသင့်သလို နားလည်လက်ခံပေးနိုင်ဖို့ ခုလို တပ်မတော်စစ်လက်နက်အကြောင်းတွေကို အဓိက တင်ပြပေးနေတဲ့ http://mmmilitary.blogspot.com
က တချို့ ဆောင်းပါးလေးတွေကို ခုလိုကူးယူဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

မြန်မာ့တပ်မတော် ခြေလျင်၊အမြောက်နှင့် တင့် ပူးတွဲစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုအတွင်းတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည့် အမြောက်တပ်မှ အမြောက်များဖြစ်ပါသည်။မြေပြင်ပစ်မှတ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်
Satellite surveillance Target decetion system


မြေပြင်အကဲခတ်ခြင်းများ ဆောင်ရွက်နေစဉ်

အမ်-၅၆ ၁၀၅မမ (ဆားဘီးယားထုတ်) အမြောက်



ယခင် ယူဂိုဆလားဗီးယားနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး အမြောက်၏ထိရောက်မှု အကွာအဝေးမှာ မီတာ ၁၁၈၀၀-၁၃၀၀၀ (၆မိုင်ကျော်) အထိထိရောက်မှု ရှိသည်ဟု သိရပါသည်။ အသုံးပြုသော ကျည်အမျိုးအစားလိုက် အပြောင်းလဲရှိနိုင်ပါသည်။
အမ်-၁၀၁ ၁၀၅မမ (အမေရိကန်ထုတ်) အမြောက်



မြန်မာ့တပ်မတော် အမြောက်တပ်များတွင် တွင်ကျယ်စွာအသုံးပြုနေဆဲဖြစ်သော အမ်-၁၀၁ ၁၀၅မမ အမြောက်များကို အမေရိကန်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ထိရောက်မှုပစ်အားအထူးကောင်းမွန်သည်ဟု သိရပါသည်။
No comments:
Post a Comment