မိဘဆိုးတော့ သားသမီးတွေထွက်ပြေးတယ် ခု မိဘက ကောင်းပြလာတော့ မိသားစု(ပြည်ထောင်စု)ကိုချစ်တဲ့
သားသမီးတိုင်း အိမ်ပြန်ချင်တာ မဆန်းပါဘူး အိမ်နဲ့ဝေးရာရောက်နေပေမယ့်
ဒီအိမ် ဒီမိသားစုသာယာဖို့ ကိုယ်စွမ်းသလောက် ကိုယ့်ခံယူချက်အတိုင်းတော့
လုပ်ခဲ့တာပဲလေ။ ခုချိန်မှာ ဒီအိမ်ခြံဝင်းနဲ့ မိသားစုသာယာစိုပြေဖို့
ကိုယ်တိုင်လုပ်ကိုင်သင့်တာမို့ ငါကိုယ်တိုင် မိဘရင်ခွင်ပြန်ဝင်မယ်
မိဘကအပြစ်ပေးတော့လည်း ခံရမှာပေါ့ တကယ်ကောင်းလာတဲ့ မိဘဆိုရင်
ထိုက်တန်တဲ့အပြစ်ပဲပေးမှာပဲ။ တကယ်ကောင်းမကောင်းသိချင်နေတဲ့တခြား ညီအကို မောင်နှမတွေအတွက် ငါဟာ ရှေ့က စံထားစရာဖြစ်စေတော့မှာပေါ့ င့ါညီအကို မောင်နှမတွေ င့ါကိုကြည့်ပြီး ဆုံးဖြတ်နုင်ကြပါစေ
No comments:
Post a Comment