Pages

Tuesday, February 14, 2012

ဦးထုပ်နက်အတွေး

ညှိပြီးသား အလဲအထပ်နဲ့
သိပြီးသား ဖဲတချပ်ကို
ဆွဲရတော့မယ် April Fool ရယ်။

နှစ်အသစ်မှာ
ခေတ်အသစ်ကို စဖို့
သင်္ကြန်တေးတွေက
အသံပေးနေကြပေမဲ့လည်း

တန်ခူးအိပ်မက်သစ် နိုင်ငံရေးမှာ
မွှေးပိတောက်တွဲလဲနဲ့
အပြေး ဘယ်လောက်နွှဲနွှဲ
ချွေးဘယ်လောက် ရွှဲရွှဲ
အကွေး အကောက်အလွဲလွဲနဲ့
သူတို့ရဲ့ ရွေးကောက်ပွဲဟာ
စာမေးပွဲ တခုမဟုတ်လို့
၄၀ ကျော်ခဲ့မယ် ဆိုရင်တောင်
အောင်မှတ်ရမှာ မဟုတ်ဘူး။
(ကောင်းကင်ကို)

No comments:

Post a Comment