နိုင်ငံတော်သမ္မတကြီးရဲ့ နိုင်ငံရေး ဖြစ်စဉ်ပြောင်းလဲမှုအရ ယုံကြည်ချက်ဖြင့် အကျဉ်းကျခံနေရသူများအား ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အစိုးရသစ်အတွက် ဒီမိုကရေစီအရေးအား ခြေလှမ်းစလိုက်ခြင်းဖြစ်သည်ဟု ခံစားရပါသည်။ ထို့ပြင် နိုင်ငံအနှံ့ အပစ်အခတ်ရပ်စဲရေး အတွက်လည်း လိုက်လံညှိနှိုင်းနေသည်မှာ ကောင်းသောလုပ်ရပ်များဖြစ်ပါသည်။ သို့အတွက် ယခုကဲ့သို့ ခြေလှမ်းအစများမှသည် နောက်နောင်လည်း ဆထက်တံပိုးပိုမိုထမ်းရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါသည်။ သမ္မတကြီးအနေဖြင့် တပ်မတော်သားများအတွက်လည်း စဉ်းစားပေးပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။ သမ္မတကြီးသည်လည်း တပ်မတော်သားတဦးဖြစ်ခဲ့သည့်အတွက် တပ်၏အခြေအနေများကို ပိုမိုသိရှိပေလိမ့်မည်။ သို့အတွက် ယခုလက်ရှိ တပ်မတော်အားလည်း ပိုမိုတိုးတက် လာစေရန်နှင့် စည်းကမ်းတကျဖြစ်စေရန်တို့မှာလည်း အရေးကြီးလှပါသည်။ သို့အတွက်လည်း ယခင့်ယခင် တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် ထွက်ပြေးသွားသူများမှာလည်း ပြည်တွင်း ပြည်ပ နှစ်ဌာနလုံး၌ ရှိနေသည်ဆိုသည်မှာ လည်း ငြင်း၍မရသော အကြောင်းခြင်းရာဖြစ်ပါသည်။ သို့အတွက် ယင်းတို့အားလည်း လွတ်ငြိမ်းခွင့်ပေးနိုင်ပါရန် စဉ်းစားပေးစေလိုပါသည်။ ထို့ပြင် ယင်းသို့ထွက်ပြေးသူများ၌ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နေသူများလည်း ရှိပါသည်။ သို့အတွက် နိုင်ငံတော်ပြန်လည်တည်ဆောက်ရာ တွင် ယင်းတို့၏ အားတရပ်သည်လည်း အထူးပင်အရေးကြီးလှပါသည်။ သို့အတွက် ယင်းတို့အားလည်း သမ္မတကြီး၏ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် တတပ်တအား ပါဝင်ခွင့်ပြုပေးစေလိုပါသည်။ ပါဝင်ခွင့်ပြုပေးစေရေးအတွက်လည်း အထူးပင် အလေးအနက်ထား၍ တိုက်တွန်းတင်ပြအပ်ပါသည်။
ဗိုလ်ရဲထက်
No comments:
Post a Comment