Pages

Monday, December 12, 2011

၁၉၈၈ သြဂုတ်လ ၂၆ ရက်၊ ရွှေတိဂုံဘုရားအနောက်မုခ် လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သောမိန့်ခွန်းမှ

“… ကျမ မှန်မှန်ဘဲ ပြောပါရစေ။ ကျမဟာ တပ်မတော်အပေါ်မှာ အင်မတန်သံယောဇဉ်ကြီးပါတယ်။ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လဲဖြစ်တယ်။ ကျမတို့ဆိုတာလဲ ငယ်ငယ်ကတည်းက ရဲဘော်တွေ လက်ထဲမှာ ကြီးလာတာပါ၊ ပြည်သူလူထုကြီးကလဲ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတယ်ဆိုတာ ကျမသိပါတယ်။ ဒီမေတ္တာ တွေအတွက်လဲ ကျမ အင်မတန်ကျေးဇူးတင်ပါတယ်။ ဖေဖေပြုစုပျိုးထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဖေဖေ့အပေါ်မှာ အင်မတန်မေတ္တာရှိတဲ့ လူထုကြီးထဲမှာ ပဋိပက္ခ မဖြစ်စေချင်ပါဘူး။ တပ်မတော်သားတွေကိုလဲ ကျမ ဒီကနေဘဲ မေတ္တာရပ်ခံပါရစေ။ လူထုအားကိုးနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့ တပ်မတော်ကြီးဖြစ်ပါစေ။ ပြည်သူလူထုကလဲ ဖြစ်ပြီးခဲ့တဲ့ဟာတွေကို ကြိုးစားခွင့်လွှတ်ပြီးတော့ တပ်မတော်အပေါ်မှာ မေတ္တာမပျက်ပါစေနဲ့လို့ တောင်းပန်ပါရစေ။ ကျမတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ဆက်လက်သွားမှသာ တည်တန့် ခိုင်မြဲတဲ့ ပြည်ထောင်စုပန်းတိုင်ကြီးကို ရောက်နိုင်မှာပါ။…”
(၁၉၈၈ သြဂုတ်လ ၂၆ ရက်၊ ရွှေတိဂုံဘုရားအနောက်မုခ် လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သောမိန့်ခွန်းမှ…)

No comments:

Post a Comment