Pages

Saturday, December 10, 2011

စွန့်ခဲ့တယ်

ချစ်ပေမယ့်လည်း
မြတ်နိုးပေမယ့်လည်း
လွမ်းပေမယ့်လည်း
ငါစွန့်ခဲ့တယ်…

စွန့်ခဲ့တာကိုက
သိပ်ချစ်လို့ပါလို့ ပြောရင်
မစွန့်သူတွေက မချစ်ရာရောက်မယ်
ဒါပေမယ့် ကိုယ့်ခံစားချက်
ကိုယ့်ယုံကြည်ချက်နဲ့ပဲ
ဘယ်သူ့ကိုမှမထိခိုက်စေတာ
ငါကိုယ်တိုင်အသိဆုံးမို့
ငါစွန့်ခဲ့တယ်…
ငါ သိပ်ချစ်တယ်
ငါသိပ်မြတ်နိုးတယ်
ငါ သိပ်လွမ်းတယ်
ဒါပေမယ့် ငါ စွန့်ခဲ့တယ်…


ရဲထက်

No comments:

Post a Comment