Tuesday, January 31, 2012

သတိထားပြီးလိုက်နာသင့်တဲ့ စစ်သားတယောက်ရဲ့ ဖွင့်ဟစကား

ဘယ်အရာမဆို တဖက်စွန်းရောက်တာက မကောင်းဘူးထင်ပါတယ်... စစ်တပ်ကလို့ ဆဲရင် စစ်သည် ၄သိန်းကျော်ကိုဆဲသလိုဖြစ်ပြီးတာ အမှန်ဘဲဗျ။ ကျွှန်တော်သူငယ်ချင်းတစ်ယောက်ပြောဘူးတယ် facebook မှာ သိတဲ့ခင်တဲ့တစ်ယောက်တဲ့ စကားပြောနေရင်း မင်းကတပ်ကလားလို့မေးတော့ ဟုတ်တယ်ပေါ့.. ပြောလိုက်တာ ဘာမှမဆိုင်ဘဲ ဆဲသွားတယ်တဲ့ဗျာ မင်တို့စစ်တပ်က ဘာညာပေါ့... ဒီနေရာမှာတစ်ချက်ရှိတာက တပ်မတော်မှာ စစ်သည် ၄သိန်းကျော်ရှိပါတယ်... လူကောင်းရှိမယ် ၊ထိန်းရခက်တဲ့လူလည်းရှိနိုင်တယ် (ရှိတယ်)၊ အကုန်လုံးကိုရမ်းမပြောတာက အကောင်းဆုံးပါဘဲ... (ဒီကနေ့ ဒီအချိန်မှာတော့ အစိုးရပိုင်းကကို နားလည်မှုရှိရှိနှင့် နိုင်ငံတော်တိုးတက်အောင်လုပ်ဆောင်နေပါပြီလေ...
ပြည်တွင်းငြိမ်းမှ ပြည်ပရန်အေးမည်ပေါ့ဗျာ..

တပ်မတော်အတွက် ဆုတောင်းစကား

လူမှန်းသိတတ်စအရွယ် ၄ ၅နှစ်သားလောက်မှာပဲတပ်မှာနေခဲ့ ဖူးတယ် ဒါပေမယ့် ဒီနေ့ အထိတပ်ထဲမှာနေခဲ့ ဖူးတာကိုမေ့ လို့ မရဘူး..တပ်မတော်သားတွေတင်မဟုတ်ဘူး မိသားစုဝင်တွေပါပုန်းလျှိုးကွယ်လျှိုး ရင်တထိတ်ထိတ်နဲ့ နေရတဲ့ ရက်တွေကိုမမေ့ ဘူး..၀န်ထမ်းအားလုံးထဲမှာတပ်မတော်သားတွေဟာအတော်ကလေးပင်ပန်းဆင်းရဲပါတယ်..ဒါပေမယ့် တပ်မတော်သားတွေကိုယ်တိုင်ကငါတို့ ဘာကြောင့် ပင်ပန်းဆင်းရဲနေရလဲဆိုတာကိုမတွေးနိုင်အောင် လူတချို့ ကပိတ်ဆို့ ထားပီးလိုရာခိုင်းကြတယ်..မြန်မာ့ တပ်မတော်ကိုဒီအဖြစ်ဆိုးတွေအောက်ကလွတ်မြောက်စေချင်လှပီ..

စေတနာများနဲ့ သူ့စကား

စစ်တပ်က professional ပီသမယ်ဆိုရင် ဘယ်စနစ်နဲ့ ဘယ်အစိုးရဘဲ အုပ်ချုပ်နေပစေ၊ စစ်တပ်အတွက် သီးခြားအဆင့်အတန်းတစ်နေရာက အမြဲတမ်းရှိနေမှာပါပဲ ။

စိတ်နာနာနဲ့ရင်ဖွင့်ချက်




အရပ်သားတွေဖက်ကရော ဘယ်လောက်တောင်ကောင်းနေကြလို့လဲ.....။ တဆိတ်ရှိ စစ်တပ် စစ်တပ်နဲ့ သမုတ်နေကြတာ။ စစ်သားတွေရဲ့ဘဝကို တကယ်ရော သိလို့လား။ ဝါးလုံးကို ချီးသုတ်ပြီးရမ်းတဲ့ သူတွေများပါတယ်။ ကျုပ်ကတော့ လက်ရှိတာဝန်ထမ်းနေဆဲ စစ်သားပဲ။ ဘယ်ကောင့်ကိုမှ အထင်မကြီးဘူး။ လက်ရှိ အုပ်ချုပ်နေတဲ့ကောင်တွေရော နောက်တက်လာမယ့် ကောင်တွေရော ယုံကို မယုံဘူး။ မြန်မာပြည်မှာ ကြိုက်တဲ့ အစိုးရတက်လာခဲ့ ဒီပုံပဲ။

Sunday, January 29, 2012

ကပစ (၉)၊ ပန်းတောင်း၊ ကျောက်ဖြူမှ စစ်သည်များ နစ်နာနေရခြင်းအကြောင်း(http://drlunswe.blogspot.com/) မှ

ကျနော်တို့တပ်တွင် ၂၀၀၈ ခု ဇွန်လမှ စ၍ တပ်သားအဆင့်မှ တပ်ကြပ်အထိ တလလျှင် ၃၀၀၀ ကျပ်၊ တပ်ကြပ်အဆင့်မှ အရာခံဗိုလ်အထိ တလလျှင် ၅၀၀၀ ကျပ်၊ ပြည်မြို့ အင်းဝဘဏ်တွင် တပ်ရင်းမှူး အမိန့်အရ မစုမနေရ ငွေစုခဲ့ရပါသည်။ ဦးပိုင်ကုမ္ပဏီတွင် ထည့်ရန်ဟု သိရပါသည်။ ယခုအခါ ဦးပိုင်ကုမ္ပဏီတွင်လည်း ထိုစုငွေများကို လက်မခံတော့ကြောင်း သိရပါသည်။ ငွေလို၍ မိမိ၏စုငွေကို ထုတ်ယူလိုလျှင်လည်း စုငွေကို ထုတ်ယူခွင့်မပေးပါ။ တပ်ပြောင်းသည့်အခါနှင့် သက်ဆိုင်သူ ရဲဘော် သေဆုံးလျှင်မှသာ ထုတ်ပေးပြီး မိသားစုအား အပြည့်အ၀ ထုတ်မပေးပါ။ တပ်ရင်း ငွေစာရင်းဌာနတွင် ဒု-အရာခံဗိုလ် ဘုန်းကျော်နှင့် ညှိလျှင် စုငွေကို ထုတ်၍ ရနိုင်ပြီး ငွေတသောင်း ထုတ်ယူရန် ၎င်းနှင့် အဖွဲ့ကို နှစ်ထောင်ကျပ် ပေးရပါသည်။ ဘဏ်သို့သွားရန် မလိုဘဲ ၎င်းတို့က ထုတ်ပေးပါသည်။ ဤသို့ ခေါင်းပုံဖြတ် ခံနေရခြင်းကြောင့် ဆင်းရဲကျပ်တည်းလှသည့် စစ်သည်များမှာ အလွန်နစ်နာနေရပါသဖြင့် အထက် လူကြီးများ သိရှိဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။

စစ်သည်များ


Saturday, January 28, 2012

ဘယ်သူ့ကြောင့်

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်များဘဝ...
“အရိပ်တောင်ပြောင်၊ သဏ္ဌာန်ဆောင်၍၊ နောက်ခံမိုးသား၊ အရိပ်များဖြင့်၊ လှုပ်ရှားသွားလာ ပုံဖျက်ပါ” ဟူသော ပုံဖျက်ခြင်း လင်္ကာကို အမြဲလက်ကိုင်ထားပြီး တတောဝင် တတောင်တက်ဖြင့် မမောမပန်း ချီတက်နေကြ ရသည်။ ပူပြင်းခြောက်သွေ့လွန်းသော မတ်လ အပူရှိန်ကို ဂရုမစိုက်နိုင်။ မိမိတို့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိ ရေးအတွက် ခရီးပြင်းနှင်နေရသည်။ နယ်မြေစိုးမိုးရေးအတွက် နွေ၊မိုး၊ဆောင်း ဥတုသုံးပါးလုံးကို ဥပေက္ခာပြုပြီး ချီတက်ရဆဲ ချီတက်ရမြဲ ဖြစ်ပေသည်။

အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံးနှင့်အဆင့်အမြင့်ဆုံးစစ်တပ်ဟာ... မြန်မာ့ပြည်စစ်တပ်သာဖြစ်စေချင်....

ငယ်စဉ်တောင်ကြေးကလေးဘ၀ကစ ဖိုးဝရုပ်နဲ့သေနတ်ရုပ်ချပေးရင်သေနတ်ရုပ်ကိုကောက်ကိုင်တာမျိုး၊ ကစားတဲ့အခါဘာမှမရှိရင်လက်မနဲ့လက်ညှိုးသေနတ်လုပ်ပြီးစစ်တိုက်တမ်းကစားကြတာမို့ မြန်မာပြည်က ကလေးတွေဟာ စစ်တိုက်ရတဲ့အလုပ်ကို မျိုးရိုးဗီဇ၀ါသနာ လို့တောင်ဆိုလို့ရပါတယ်..စစ်ကလဲခေတ်အစက်စက်ကန်ထရိုက်စွဲထားသလားမှတ်ရတယ်  နှစ်ပေါင်း၂၀၀လောက်ရှိရော့မယ်တိုက်နေခဲ့တာ
ဒါပေမဲ့လည်းစစ်တပ်ရဲ့အရည်အသွေးတွေဟာတရှိန်ထိုးကျဆင်းလာလိုက်တာ စိတ်ဓါတ်စည်းကမ်း နဲ့အရာရာမှာ နိုင်ငံတနိုင်ငံစစ်တပ်အနေနဲ့ကမ္ဘာမပြောနဲ့ အရှေ့တောင်အာရှမှာတောင်ရှက်ဖွယ်လိလိဆိုတာလူတိုင်းအသိပါ၊

Friday, January 27, 2012

တပ်မတော်သားလည်း ပြည်သူပါပဲ

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီမိုကရေစီစနစ်ကို ရှေ့ရှုတဲ့ မြန်မာပြည် အပြောင်းအလဲကိစ္စမှာ တပ်မတော်သားတွေ အင်တိုက်အားတိုက်ပါဝင်ဖို့လိုတယ်၊ တပ်မတော်ကို စည်းရုံးဖို့ လိုကိုလိုတယ်  ဆိုတဲ့စကားကို အတိအလင်းထုတ်ဖော် ပြောဆိုလာတာ ကြားရတော့ ရင်ထဲမှာ လှိုက်လှိုက် လှဲလှဲ ဝမ်းသာအားတက်မိပါတယ်။ 
ပြည်ပအသံလွှင့်မီဒီယာတွေမှာလည်း ဒီကိစ္စအပေါ်မူတည်ပြီး ဆွေးနွေးတာတွေကို ကြားသိနေပါတယ်။ VOA တိုက်ရိုက်လေလှိုင်း ဆွေးနွေးပွဲတခုမှာ ပါဝင်ဆွေးနွေးသူတစ်ဦးက အန်တီစုရဲ့သဘောထားကို ထောက်ခံပြီး တပ်ကိုစည်းရုံးဖို့ လိုကြောင်း၊ အဲဒီလိုလုပ်ရာမှာ အန်တီစုအနေနဲ့ လိုအပ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခွင့်တောင်းသင့်ကြောင်း အကြံပြု ဆွေးနွေးသွားတာကို ကြားလိုက် ရပါတယ်။

Thursday, January 26, 2012

ရထားစီးသူများ

“လာကြဟေ့..လာကြ..ရထားထွက်တော့မယ်” ဟူသောအသံများကြောင့် ဘူတာတစ်ခုလုံး တဝုန်းဝုန်းဖြစ်သွား လေသည်။များပြားလှစွာသော လူအုပ်ကြီးသည် ကိုယ့်အထုပ်ကိုယ်ဆွဲ အတင်း တိုးကြတော့သည်။ ရထားပေါ်သို့ သူ့ထက်ငါ အတင်းတိုးဝှေ့လျက် တက်ကြတော့သည်။ “နင့်အထုပ်ကြီး မြန်မြန်တင်စမ်း ..တကတည်းဟာ …လူတွေဒီလောက်များတာကို အထုပ်ကြီး  ကန့်လန့်ကန့်လန့်နဲ့”     “ဘာသိလို့လဲ  အဒေါ်ရဲ့…အခြေအနေကောင်းရင် ဟိုမှာအခြေချရမှာ  အဒေါ်ကကော လာလို့ ဒီခရီးကို လိုက်လာတာလဲ”   “ဟဲ့ဒီအရပ်က လူမနေသင့်တဲ့ အရပ်၊ ငါ့တသက်နေလာခဲ့တာ စိတ်ချမ်းသာရတဲ့ရက် တစ်ရက်မှမရှိဘူး၊ဒါကြောင့် ယူလာစရာလဲ ဘာမှမရှိဘူး၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဘဝသစ်ကိုစမှာ …ဟိုရောက်ရင်ကော အဆင်ပြေပါ့မလား”  ဟူသောအသံသည် မဝင့်မရဲ မယုံမရဲနှင့် ထွက်လာသည်။
“ဟေ့ ရှေ့မှာပိတ်မနေကြပါနဲ့…နောက်မှာလူတွေ တအားတိုးနေတာ  ..လူမူရေးနားလည်ကြပါအုန်း၊ လူတွေကလဲ  စုတ်ပြတ်နံစော်နေတာဘဲ”  “အောင်မယ် လူပါးဝလို့၊ဒီခရီးကို နင်တို့လိုတကိုယ်ကောင်း သမားတွေ လိုက်ဖို့တောင် မတန်ဘူး သေနာရဲ့၊ဒီင်္အရပ်မှာဘဲ နင့်အဖေ အားကိုးနဲ့ လူစွာလုပ်လို့ရမယ်၊ဒီရထားစီးပြီင်္ိဆိုမှတော့ နင့်စရိုက်ကို ပြင်ရင်ပြင် မပြင်ရင် ဟိုကလူတွေက နင့်ကိုအရေခွံခွာလိမ့်မယ် ဟဲ့အကောင်ရဲ့” ဟုဆိုသော ရန်ထောင်သံလဲ ကြားရပါသည်။

Monday, January 23, 2012

ကိုယ်တိုင်ရွေးတဲ့ လမ်း


ခုချိန်မှာ လက်ရှိအစိုးရက ပြုပြင်ပြောင်းလဲရေး ကဏ္ဍတချို့ လုပ်ဆောင်လာတာ အစိုးရခေါင်းဆောင်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ကနေအစပြုပြီး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ ပြည်ပရောက် အတိုက်အခံတွေကို ဆန္ဒရှိရင် ပြန်လာဖို့ လမ်းဖွင့်ဖိတ်ခေါ်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံဆွေးနွေးတာတွေ တွေ့လာရတော့ မြန်မာနိုင်ငံကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာတော့မယ့် မျှော်လင့်ခံစားမှုတွေ လူအများစိတ်ထဲမှာ ဖြစ်ပေါ်လာကြမှာပဲလို့ တွေးမိပါတယ်။ ကောင်းတဲ့လုပ်ရပ်တွေပါပဲ။ 

Ads 468x60px

Featured Posts